သင့်လုံခြုံရေးကို အခုပဲမြင့်တင်ပါ

"တပ်ဆင်တာကအစ၊ ရုံးခန်းပြောင်းလို့ နေရာရွှေ့တာနဲ့ Maintenance လုပ်တာအဆုံး... CCTV နဲ့ပတ်သက်ရင် OptiVox ကိုပဲ ယုံကြည်စိတ်ချနိုင်ပါပြီ

"စက်ရုံ၊ ဆိုင်ခန်းမှာ ဝန်ထမ်းတွေ သေသေချာချာ အလုပ်လုပ်ရဲ့လား..."
"ရုံးပိတ်ရက်တွေ၊ ခရီးသွားနေတဲ့အချိန်တွေမှာကော ပစ္စည်းတွေ စိတ်ချရရဲ့လား..."

ဒီလို စိုးရိမ်စိတ်တွေအားလုံးကို အပြီးတိုင် မောင်းထုတ်ပစ်ဖို့ ဖုန်းလေးတစ်လုံးရှိရုံနဲ့ (၂၄) နာရီပတ်လုံး အလင်း/အမှောင်မရွေး စောင့်ကြည့်ကာကွယ်နိုင်မယ့် OptiVox ICT Solutions ရဲ့ အလုံးစုံအပြီးအစီး CCTV 3-in-1 Services နဲ့ မိတ်ဆက်ပေးပါရစေ။

CCTV Installation Service (အသစ်စက်စက် တပ်ဆင်ခြင်း)

အိုင်တီကျွမ်းကျင် အင်ဂျင်နီယာများကိုယ်တိုင် Blind Spots (မျက်ကွယ်နေရာ) မရှိစေဘဲ ကင်မရာထောင့် (Angles) များကို စနစ်တကျ တွက်ချက်ပြီး ရုပ်ထွက်ကြည်လင်ပြတ်သားတဲ့ HD & Night Vision ကင်မရာများကို အိမ်/ရုံးခန်း အလှမပျက်စေဘဲ သပ်သပ်ရပ်ရပ် တပ်ဆင်ပေးပါတယ်။
ကမ္ဘာ့ဘယ်နေရာကနေမဆို ဖုန်းထဲကနေ Live လှမ်းကြည့်နိုင်အောင် Smart AI Remote Viewing System ကိုပါ တစ်ပါတည်း Setup လုပ်ပေးမှာဖြစ်လို့ ရာနှုန်းပြည့် စိတ်ချရပါတယ်။

CCTV Relocation Service (နေရာရွှေ့ပြောင်း တပ်ဆင်ခြင်း)

ရုံးခန်းနေရာပြောင်းလို့ပဲဖြစ်ဖြစ်၊ ဆိုင်ခန်းအသစ် ရွှေ့လို့ပဲဖြစ်ဖြစ် ရှိပြီးသား CCTV စနစ်ဟောင်းတွေကို စက်ပစ္စည်းတွေ ထိခိုက်ပျက်စီးမှုမရှိစေဘဲ စနစ်တကျ ဖြုတ်သိမ်းပေးပြီး နေရာအသစ်မှာ Network ကြိုးလိုင်းများအပါအဝင် အစမှအဆုံး သပ်သပ်ရပ်ရပ် ပြန်လည်ရွှေ့ပြောင်း တပ်ဆင်ပေးပါတယ်။

CCTV Maintenance Service (ပုံမှန်စစ်ဆေး ပြုပြင်ထိန်းသိမ်းခြင်း) 

"CCTV တော့ တပ်ထားတယ်... တကယ်အရေးကြုံလို့ လှမ်းကြည့်တော့မှ လိုင်းကျနေတယ်၊ Record မဝင်ထားဘူး" ဆိုတဲ့ ပြဿနာမျိုး မဖြစ်ရအောင် လက်ရှိတပ်ဆင်ထားတဲ့ ကင်မရာဟောင်းတွေကို Error ကင်းစင်စေဖို့ ကြိုးလိုင်းစစ်ဆေးခြင်း၊ Storage (HDD) စစ်ဆေးခြင်းနှင့် ဆော့ဖ်ဝဲလ် Update ပြုလုပ်ပေးခြင်းတို့ကို အသေးစိတ် ပြုပြင်ထိန်းသိမ်းပေးပါတယ်။

CCTV ဆိုတာ ဝယ်ပြီး တပ်လိုက်ရုံရုံနဲ့ မပြီးပါဘူး။ နည်းပညာပိုင်းအရ Network ချိတ်ဆက်မှု မှန်ကန်ဖို့နဲ့ ရေရှည်မှာ စိတ်ချရဖို့က ပိုအရေးကြီးပါတယ်။ OptiVox က တပ်ဆင်၊ ရွှေ့ပြောင်း၊ ပြုပြင်ပေးရုံတင်မကဘဲ စိတ်ချရတဲ့ After-Sales Service ကိုပါ အမြဲတာဝန်ယူပေးတာမို့လို့ ယုံကြည်မှုအပြည့်နဲ့ လက်တွဲနိုင်ပါတယ်ဗျာ။

CCTV အသစ်တပ်ချင်တာပဲဖြစ်ဖြစ်၊ ရှိပြီးသားကို နေရာရွှေ့ချင်/ပြုပြင်ချင်တာပဲဖြစ်ဖြစ်... အခမဲ့ (Free) Site Survey ဆင်းပြီး တွက်ချက် အကြံပြုပေးစေချင်ရင် အခုပဲ စာပို့ပြီး လူကြီးမင်းတို့ရဲ့ လိုအပ်ချက်ကို လှမ်းပြောခဲ့လိုက်ပါဦးဗျာ!

မဝယ်ယူခင် ဆွေးနွေးချင်ပါသလား

လူကြီးမင်းရဲ့လုပ်ငန်းများပိုမိုတိုးတက်စေရန် နှင့် လူကြီးမင်းသိရှိလိုသော အကြောင်းအရာများကို ရှင်းပြပေးဖို့အတွက် OptiVox ICT Solutions ကအသင့်ရှိနေပါတယ် ။ 
အောက်က Form လေးကိုဖြည့်ပြီး အခမဲ့တိုင်ပင်ဆွေးနွေးလိုက်ပါ

Thank you! Your message has been sent.
Unable to send your message. Please fix errors then try again.

ဖုန်းဆက်စုံစမ်းလိုပါသလား

အလျှင်မြန်ဆုံးဝန်ဆောင်မှုကိုရရှိနိုင်ဖို့ ဒီဖုန်းကိုအခုပဲဆက်သွယ်လိုက်နော်

 (+95) 9 753 788 354 ဖုန်းဆက်မည်